ငွေကြေးနဲ့အောင်မြင်မှုက ပြောင်းလဲပစ်လိုက်တဲ့ ကမ္ဘာကျော်ဆယ်လီတွေရဲ့အံ့မခမ်းအပြောင်းအလဲ

ကမ္ဘာကျော် ဆယ်လီတွေ၊ နာမည်ကြီးအောင်မြင်ကျော်ကြားသူတွေကို ကြည့်လိုက်ရင် တကယ့်ကို ပြီးပြည့်စုံပြီး ကြည့်ကောင်းနေကြ တာပါ။ ဒါက တကယ်တော့ မဟုတ်ပါဘူး။ သူတို့တွေရဲ့ မအောင်မြင် ခင်၊ မကျော်ကြားခင်တုန်းကတော့ သူတို့တွေရဲ့ ရုပ်ရည်အ စိတ်အပိုင်းတွေက ပြစ်ချက်တွေအများကြီး နဲ့ အတော့်ကို ကြည့်ရဆိုးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အောင်မြင်မှုနဲ့ ငွေကြေးနောက်က လိုက်ပြီး တော့ ပြောင်းလဲသွားတာက တကယ့်ကို ကြည့်ကောင်းပြီး လှပသွားကြတာပါပဲ။ အခုလည်း ကမ္ဘာ ကျော်တွေက တစ်ချိန်တုန်းက အပြုံးတွေဟာ တကယ့်ကိုပဲ အံ့အားသင့်စရာကောင်းပြီး ယခုပုံစံနဲ့ လုံးဝကွာခြားလွန်းတာပါပဲ။ ဒါကလည်း ပိုက်ဆံကြောင့်သာ လှအောင်ဖန်တီးလိုက်နိုင်ခြင်း တန်ခိုးတွေပါ
နီကီမီနာ့ခ်ျ

အာဖရိကန်သွေးနှောတဲ့ ရက်ပါအဆိုတော် နီကီမီနာ့ခ်ျက တစ်ချိန်တုန်းကတော့ အတော့်ကို ကြည့်ရ ဆိုးတဲ့ လူမည်းအမျိုးသမီးတစ်ဦးပါ။ ဒါပေမယ့် အခုတော့ ကောက်ကြောင်းအလန်းစားနဲ့ ကြည့်ကောင်း နေတဲ့ အမျိုးသမီး အဆိုတော် တစ်ဦးဖြစ်လာပါတယ်။
ခရစ်တီယာနို ရော်နယ်ဒို

ရီးရဲမက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒိုက အမျိုးသမီးတွေအကြိုက် စွဲဆောင်မှုရှိတဲ့ အမျိုးသားစာရင်း ထိပ်ဆုံးမှာ ရှိနေတဲ့သူပါ။ ဒါပေမယ့် သူ့ရဲ့ အရင်တုန်းက ပုံတွေကို ပြန်မြင်မိမယ်ဆိုရင်တော့ ကိုယ့် မျက်လုံးတောင် မယုံကြည်နိုင်လောက်အောင် ဖြစ်မိမှာပါပဲ။
ဂျွန်နီဒက်ဖ်

ဂျက်စပဲရိုးမင်းသားကြီး ဂျွန်နီဒက်ဖ်ကလည်း အရင်တုန်းက အခုလောက်တော့ ကြည့်ကောင်းခဲ့သူ မဟုတ်ပါဘူး။ သွားဝါဝါတွေနဲ့ ရွှေသွားဝင်းဝင်းတွေနဲ့ သူ့ရဲ့ ပုံတွေက တကယ့်ကို ကြည့်ရဆိုးပါတယ်။
တွမ်ခရ်ုဇ်

Missing Impossible ဇာတ်ကားကြယ်ပွင့် တွမ်ခရုဇ်က တကယ့်ကို ယောက်ျားဆန်ပြီး ကြည့် ကောင်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသူပါ။ အမျိုးသမီးတွေကို ဆွဲဆောင်မှုရှိပြီး ငယ်ငယ်ကတည်း ကလည်း ကြည့်ကောင်းခဲ့ပါတယ်။ ဒါပေမယ့် တစ်ခုပဲ သူ့ရဲ့အားနည်းချက်က သွားတွေပါ။ ညီညာမှုမရှိ တဲ့သွားတွေကို ပြန်ပြုပြင်ထားလို့ အခုလို ကြည့်ကောင်းနေတာပါ။
မိုင်လီဆိုင်းရပ်စ်

ဟော်လီးဝုဒ်ကြယ်ပွင့်မင်းသမီးလေးက အခုနောက်ပိုင်းမှ တော်တော်လေး ကြည့်ကောင်း လာတာပါ။ အရင်က ကလေးရုပ်ရည်လေးရှိတဲ့ မိုင်လီက သူ့ရဲ့ သွားလေးတွေက အတော့်ကို ကြည့်ရ ဆိုးပါတယ်။ အကြီးအသေးမညီတဲ့အပြင်ကို သွားတွေလည်း ထပ်နေပါသေးတယ်။
မေ(ရွှေအင်းလေး)
Leave a Comment