ယောက်ျားထုကြီးတစ်ခုလုံးကို အကြီးအကျယ် ဂယက်ထသွားစေခဲ့တဲ့ ယွန်းဝတီလွင်မိုးရဲ့ ပုံလေးတစ်ပုံ

ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးကတော့ ကောင်းခြင်းတွေများစွာနဲ့ မွေးဖွားလာသူလေးမို့ မြင်သူတိုင်းက ချစ်ခင်ကြတဲ့ အသွင်အပြင်လေးကို ပိုင်ဆိုင်ထားတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ရက်နေ့က အိမ်ထောင်ပြုသွားပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ ခင်ပွန်းဖြစ်သူနဲ့အတူ သြစတေးလျမှာ ကျောင်းတက်နေတာပဲ ဖြစ်ပါတယ်။ အခုမေလ ၂၅ရက်နေ့မှာတော့ ယွန်းဝတီလွင်မိုးက ရေကူးကန်ထဲကပုံလေးတစ်ပုံကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ထားခဲ့ပြီး အဆိုပါပုံရဲ့အောက်မှာတော့ သူမကိုချစ်ကြတဲ့ ယောက်ျားထုကြီးတစ်ခုလုံးက အကြီးအကျယ် ရင်ဖွင့်စာတွေ ရေးသားခဲ့ကြတာပါ။ချစ်ပရိသတ်တွေအတွက် ခေးလေးယွန်းနဲ့ပတ်သတ်ပြီး ရယ်ရခက် ငိုရခက်ဖြစ်စေခဲ့တဲ့ ဂယက်လေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်နော်။
လူမှုကွန်ယက်ပေါ်မှာ ဂယက်ထစေခဲ့တဲ့ ခေးလေးယွန်းရဲ့ပုံရိပ်



ယွန်းဝတီလွင်မိုးရဲ့ ပုံလေးအောက်က ပုရိသတစ်ချို့ရဲ့ မှတ်ချက်တွေ


တကယ့်ကိုပဲ ရယ်ရခက်ငိုရခက်စေမယ့် ကွန်းမန့်တွေပါ




အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတဲ့ ယွန်းဝတီလွင်မိုးရဲ့ပုံရိပ်တွေ

တလောကလည်း အရမ်းကိုမိုက်တဲ့ တိုက်ခန်းတစ်ခုသို့ သူမရဲ့ခင်ပွန်းနဲ့အတူ ပြောင်းရွှေ့ခဲ့ကြပါသေးတယ်။

ယွန်းဝတီလွင်မိုးကတော့ အနုပညာအလုပ်တွေကို ငယ်ငယ်လေးကတည်းကလုပ်ခဲ့တာဖြစ်ပြီး သူမတကယ်ဝါသနာပါတာကတော့ စီးပွားရေးအလုပ်တွေဖြစ်တာမို့ စာကြိုးစားနေတာပဲ ဖြစ်ပါတယ်။ သူမကိုအားပေးချစ်ခင်ပေးကြတဲ့ ပရိသတ်တွေကိုလည်း အမြဲလိုလို ကျေးဇူးတင်ကြောင်းပြောလေ့ရှိတဲ့ ယွန်းဝတီလွင်မိုးလေးကတော့ အခုဆိုရင် အနုပညာအလုပ်တွေနဲ့ အတော်လေးကို အလှမ်းဝေးနေတာပါ။ ချစ်ပရိသတ်တွေလည်း ချစ်ရသူနဲ့ ပျော်ရွှင်ပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတဲ့ ယွန်းဝတီလွင်မိုးလေးကို အချစ်တွေတိုးပြီး ပေးလိုက်ကြပါဦးနော်။
Myint Myat
Source;Yun Waddy Lwin Moe’s Facebook
Leave a Comment