မြန်မာပြည်က မြောင်မြောင်ဆိုပြီး နာမည်ကြီးနေတဲ့ ယမင်းဧကရီ

ယမင်းဧကရီကတော့ လက်တလောမှာတော့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အရမ်းကို နာမည်ကြီးနေပါတယ်။ ” ငါ့ကို နမ်းတဲ့ မုန်တိုင်း” ဇာတ်ကားအထူးပွဲသို့ တက်ရောက်လာတဲ့ သူမရဲ့ ဖက်ရှင်က ပရိသတ်တွေကြားမှာ အတော်လေး ကို နာမည်ကြီးခဲ့တာပါ။ ပွဲတက်ရောက်လာတဲ့ သူမရဲ့ ပုံတွေဟာ အွန်လိုင်းပေါ်မှာ ချက်ချင်းပျံ့သွားပြီး မြန်မာပြည်က မြောင်မြောင်ဆိုပြီး နာမည်ကြီးခဲ့တာပါ။
ယမင်းဧကရီကတော့ သူမကို “မြန်မာပြည်က မြောင်မြောင်” ဆိုပြီး ပြောဆိုကြတဲ့ အပေါ် စိတ်မဆိုးပဲ စနောက်ကြလို့ ပရိသတ်ကြီးပျော်ရတယ်ဆိုရင် သူမလည်း ထပ်တူပျော်ရွှင်မိပါတယ်ဆိုပြီး fb မှာ တင်ထားပါတယ်။
“မနေ့ကငါ့ကိုနမ်းတဲ့မုန်တိုင်းပွဲလေးသွားခဲ့ပါတယ် အဲဒီပွဲကပုံလေးက ချစ်တဲ့ပရိသတ်ကြီးအတွက်ပျော်ရွှင်စရာ စချင်စရာပုံလေးဖြစ်သွားတယ် ယမင်းပုံလေးကိုစနောက်ကြလို့ ယမင်းချစ်တဲ့ပရိသတ်ကြီးပျော်ရွှင်ရတယ်ဆိုရင် ယမင်းလည်းပရိသတ်နဲ့ထပ်တူပျော်ရွှင်မိပါတယ်…” ဆိုပြီး တင်ထားပါတယ်။
ယမင်းဧကရီ ရဲ့ ပရိသတ်တွေအတွက် သူမရဲ့ အမိုက်စားပုံတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
from ယမင်းဧကရီ
Powered by Blogger.