Online Shopping တို့ရဲ့ ညင်သာစွာ ရက်စက်ခြင်းကို ခံခဲ့ကြရသူများ

Online Shoppingရဲ့ညင်သာစွာရက်စက်ခြင်းကို ခံခဲ့ကြရသူများ
Onlineကနေ Shoppingလုပ်ခြင်းဟာ အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။အိမ်ကနေတစ်ဖဝါးမှမခွာပဲ ကိုယ်လိုချင်တဲ့ပစ္စည်းတွေကို လှမ်းမှာလိုက်ရုံနဲ့ အိမ်တိုင်ရာရောက် ရောက်ချလာတဲ့အပြင် အသစ်အသစ်သောအရာတွေကိုလည်း ခေတ်နဲ့အမီလိုက်ဝယ်နိုင်တာပါ။ဒါပေမယ့် ထီလက်မှတ်ကံစမ်းသလိုပဲ အမြဲတမ်းလိုလိုတော့ ကံကောင်းမနေနိုင်ဘူးလေ။တစ်ခါတလေမှာ အချို့Online Shoppingတွေမှာ ကြော်ငြာထားတာကပုံစံတစ်မျိုး၊ရောက်ချလာတော့တစ်မျိုး၊ပေါင်းနှစ်မျိုး ဖြစ်နေတတ်တဲ့ ဖြစ်ရပ်များလည်း customerအားလုံးလိုလို ကြုံဖူးကြမှာပါ။ဆိုတော့ ဒီလိုဖြစ်ရပ်တွေကြားထဲမှာပဲ အလှတရားအစစ်အပြင် အသစ်အနေနဲ့ဖော်ထုတ်ပေးနိုင်ခဲ့တဲ့ ဖက်ရှင်အလွဲလေးတွေကို ထပ်မံစုစည်းဖော်ပြပေးလိုက်ပါတယ်။ ။
1.Idolပုံနဲ့ခြေအိတ်လေးမို့ မှာလိုက်မိပါတယ် Idolကိုသနားသွားတယ်
2.50% saleချတယ်ဆိုလို့ ဖိနပ်တစ်ရန် မှာလိုက်မိပါတယ် အိမ်ကို တစ်ဖက်ပဲရောက်ချလိုက်တယ်
3.မသိဘူး မသိဘူး အော်ဒါမှာထားတဲ့မျက်မှန်နဲ့ တကယ်တမ်းရောက်လာတဲ့မျက်မှန် ဘာလို့လွဲနေတယ်ဆိုတာ ကိုယ်တကယ်မသိဘူး
4.ဒီလိုလေး ကိုယ်မှာလိုက်တဲ့အတိုင်း တစ်ထပ်တည်းရလာတော့ ရယ်ရမှန်း ငိုရမှန်း ကိုယ်တကယ်မသိတော့ပါ
5.မိသားစုလိုက်ခြုံဖို့မပြောနဲ့ တစ်ယောက်တည်းတောင် အနိုင်နိုင်ဘ၀ပျက်နေလောက်တဲ့ စောင်ကိုမြင်တိုင်း မှာလိုက်မိတဲ့ကိုယ့်အဖြစ်ကိုပြန်ပြန်တွေးရင်း အရယ်မရပ်နိုင်သေးဘူး
6.ဒီလောက်ကတော့ တူပါတယ်တော့လုပ်လိုက်
7.အော် ကော်ကပ်ဖို့များမေ့နေခဲ့တာလားကွာ
8.စိတ်ကူးထဲကမျှော်လင့်ထားတဲ့ဝတ်စုံနဲ့ နည်းနည်းလေးပဲ လွဲတာပါ လွဲတယ်ဆိုရုံလေးပဲ လွဲတာပါ
9.မှာထားတာထက် အရပ်ပိုရှည်နေတဲ့ အရုပ်ရလာတာတော့ မတတ်နိုင်ဘူး
10.လုံးဝမလွဲပါဘူး ချွတ်စွတ်မှချွတ်စွတ်ပါ ဒီလောက်အနေအထားနဲ့တင် ကျေနပ်ဖို့ကောင်းနေပါပြီလေ
11.အော် ကိုယ်ပဲဝိတ်ချသင့်နေတာလား? အကျီ်ပဲဝိတ်ချဖို့လိုနေတာလား မသဲကွဲဘူး
12.ဂွမ်းစိန်.. Zzz
13.ကိုယ်ပဲsizeမှားဝယ်မိတာနေမှာပါလေ ယူမမှားဘူး အိုင်ပဲမှားတာပါ
14.ကိုယ့်မှာတော့ ပျော်ချင်လွန်းလို့ မိဘတွေဆီ ဖျစ်ညှစ်ငိုပြပြီး ခြေဆောင့်စူပုပ်ပြပြီး ပူဆာထားလိုက်ရတာ..
ရောက်လာတော့… ဟွင်းးးး
(ဆိုတော့ ဒီလိုတလွဲအဖြစ်မျိုးတွေကြုံဖူးကြလား??ကိုယ်မကြုံဖူးသေးဘူးဆိုရင်လည်း “မဖြစ်နိုင်ဘူး”လို့တော့ ဖင်ပိတ်မငြင်းကြပါနဲ့နော်..။အခုဖော်ပြပေးခဲ့တဲ့ပုံတွေအပြင် ကြုံဖူးသူတွေ(ကိုယ်အပါအဝင်)က သက်သေပြပေးသွားပါလိမ့်မယ်..။)
ကိုယ်တွေ့>>ပုံထဲကဖိနပ်ဒီဇိုင်းကြိုက်လွန်းတော့ ပထမတစ်ခါsizeမတော်လို့နေမှာဆိုပြီး ပေတေပြီးထပ်မှာတယ်ရောက်လာတော့ဂွမ်းချက်က 2ရံစလုံးဘီလူးခြေထောက်တောင်ဝင်လျိုလို့ရတယ်!
CANTWAIT2SAY
Powered by Blogger.